Friday 9 September 2016

နိစ္စဒါနပရဟိတအသင်းဘလော့အတွက် အကြံပေးချက်များ ဖိတ်ခေါ်ခြင်း

နိစ္စဒါနပရဟိတအသင်းဘလော့အတွက် အကြံပေးချက်များ ဖိတ်ခေါ်ခြင်း

  • မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကွမ်တန်းမြို့ နိစ္စဒါနပရဟိတအသင်းဘလော့ကို (၁၃.၈.၂၀၁၆)ရက်နေ့တွင် ကိုဇော်မျိုး ကိုဇော်မြင့် ကိုမောင်မောင် ကိုရဲလှိုင်ဝင်းနှင့် နိစ္စဒါနပရဟိတအသင်းသား/သူများ ဦးဆောင်အကြံပေးမှုဖြင့် ကိုဇော်မျိုးရေးသားပြုစုသော မူကြမ်းကို---------- 
  •  



  • မင်းရာဇာ (ကွမ်တန်း)မှ တတ်သိသလောက်လေးများဖြင့် ရေးသားတည်ထောင်ခဲ့ပါသည်။ (သာမာန်ဘလော့မျှသာ)
  • ဒီနေ့သည် နိစ္စဒါနပရဟိတအသင်းဘလော့ကို တည်ထောင်ခဲ့သည်မှာ ၂၇ရက်တိတိရှိပါပြီခင်ဗျာ။ ဒီဘလော့နှင့် ပတ်သက်၍ လိုအပ်ချက်များ ချွက်ယွင်းချက်များ မပြည့်စုံမှုများစသဖြင့် လိုအပ်သည့်နေရာလေးများကို အကြံပေးပြောကြားပေးကြပါရန် မေတ္တာဖြင့် ဖိတ်ခေါ်ပြောကြားပါသည်ခင်ဗျာ.....။ အားလုံးကို အစဉ်လေးစားလျက်ဖြင့်....                                                                                                                                                          မင်းရာဇာ (ကွမ်တန်း မလေးရှား)

Wednesday 24 August 2016

မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေး နိစ္စဒါနပရိဟိတအသင်း၏ နှစ်ပတ်လည်အဖြစ်ဖြင့် အသင်းသူ/သားများ စည်းဝေးတိုင်ပင်ကာ အသင်းရဲ့ စည်းကမ်းချက်များနှင့်ပတ်သတ်၍ အများဆန္ဒနဲ့အညီဖြစ်စေရန် ဖြည့်စွက်၊ပြင်ဆင်မှုများ

မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေး နိစ္စဒါနပရိဟိတအသင်း၏ နှစ်ပတ်လည်အဖြစ်ဖြင့် အသင်းသူ/သားများ စည်းဝေးတိုင်ပင်ကာ အသင်းရဲ့ စည်းကမ်းချက်များနှင့်ပတ်သတ်၍ အများဆန္ဒနဲ့အညီဖြစ်စေရန် ဖြည့်စွက်၊ပြင်ဆင်မှုများ ၊ အသင်း၏လိုအပ်ချက်များ ၊ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ စသည်တို့ကို ပိုမိုအဆင်ပြေနိုင်စေရန်နှင့် အသင်းအနေဖြင့်ရေရှည်တည့်တံ့ခိုင်မြဲကာ ပရဟိတလုပ်ငန်းများကို တက်ညီလက်ညီဆောင်ရွက်နိုင်ကြရန်အတွက် အသင်းဝင်များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာ ။
"မင်းမပါသော် ဘယ်ဟာမှ မပြီး ၊ မင်းချည်းဘဲလည်း ဘယ်ဟာ မပြီး"..
"သူမပါက ၊ ဘယ်ဟာမှ မပြီး ၊ သူချည်းတော့လည်း ဘယ်ဟာမပြီး" ...
"ငါမပါ ၊ ဘယ်ဟာမှ မပြီး ၊ ငါ့ချည်းသော်လည်း ဘယ်ဟာ မပြီး"...
"မင်း ၊ သူ ၊ငါ ညီညာစုံမှ ၊ အလုံးစုံ အကုန်ပြီးမယ် ၊ ပြုကြစုစည်း" ...
ဟူသော ဆရာသမားများ သြဝါဒနဲ့အညီ .....
တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မရနိုင်ရကား ... အများပေါင်းစု၍ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြမှသာလျှင် ကိစ္စတစ်ခုဟာ မြန်ဆန်ထိရောက်၍ အောင်မြင်အကျိုးများမှာဖြစ်ပါတယ်။
"သမဂ္ဂါနံ တပေါ သုခေါ" ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း စုပေါင်းညီညာစွာဖြင့် " online ပေါ်မှာသာ ကိုယ့်အမျိုးကို ချစ်ပြမနေကြဘဲနဲ့ ရနိုင်တဲ့အခွင့်အရေး ၊ လုပ်နိုင့်ဖို့အခွင့်ပေးတုန်းမှာ လက်တွေ့ကျကျ အမျိုးချစ်ကြောင်းကို အလုပ်နဲ့သက်သေပြကြပါစို့လား အမျိုးတို့ရေ.. ။
Admin ကိုဇော်မျိုး
နိစ္စဒါနပရဟိတအသင်း(ကွမ်းတန်းမြို့)

















Friday 19 August 2016





သံရုံးမှပြုလုပ်သော မလေးရှားရောက်မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရောက်ကူညီရေးအဖွဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲပြီးဆုံးပြီးနောက် ကျွန်တော်များနိစ္စဒါနအဖွဲ့သားများသည် Rawang မြို့နယ် Batu Arang ရှိ ဒုက္ခသည်လူနာများကူညီစောင့်ရှောက်ရေးစခန်း PERCH သို့ ယခင်လက ပို့ဆောင်ထားသော စစ်တွေသား ကိုကျော်မြင့်နှင့် ရမ်းဗြဲသားကိုမြင့်ဇော်တို့၏ အခြေအနေကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ထို့နောက် PERCH ဒုက္ခသည်လူနာများကူညီစောင့်ရှောက်ရေးစခန်းသို့ လိုအပ်ရာတွင်အသုံးပြုနိုင်စေရန် RM 500 ကိုလဲ အသင်းမှ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
လာမည့် 17 ရက်နေ့တွင် sungai buloh ဆေးရုံကြီးတွင် တက်ရောက်၍ ရောဂါရှာဖွေဆေးကုသမှုခံယူရန်ရှိသော ကိုကျော်မြင့်အတွက် လိုအပ်နေမှုတချို့ကိုလဲ စီမံပေးခဲ့ကြပါသည်။
(PERCH သို့ တကူးတကလာရောက်၍ မိမိတို့နှင့်အတူ လူနာများကို ကြည့်ရှုအားပေးပါသော သံရုံးမှ ကိုသီဟမောင်မောင်နှင့်ဇနီးတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

Wednesday 17 August 2016

နိစ္စဒါနပရဟိတအသင်း၏ ကာလဒါနကုသိုလ်ပြုပွဲပြီးစီးမှု....



နိစ္စဒါနပရဟိတအသင်း၏ ကာလဒါနကုသိုလ်ပြုပွဲပြီးစီးမှု....
မြန်မာပြည်၌လက်ရှိပြည်သူများ တွေ့ကြုံခံစားနေရသော ရေဘေးဒုက္ခကို မြန်မာပြည်သားများဖြစ်ကြပါသော မလေးရှားရောက်မြန်မာလူငယ်များ လူမှုကူညီရေးအဖွဲ့ နိစ္စ-ဒါနပရဟိအသင်း(ကွမ်တန်းမြို့)မှလဲ တစ်ထောင့်တစ်နေရာမှ မိမိတို့စွမ်းနိုင်သလောက် ပါဝင်ကူညီခဲ့ရာတွင် ရေဘေးကြောင့် စားရေးသောက်ရေးအတွက် အခက်တွေ့နေရှာသော ပခုက္ကူမြို့နယ် ဘောလုံးခုန်ကျေးရွာသို့ မနေ့ကအဖွဲ့ဝင်များသွားရောက်၍ ရွာလုံးကျွတ် အိမ်ထောင်စုဦးရေ ၁၇၀ ခန့်ကို ဆန်၊ဆီ၊ဆား၊ဆေးဝါးများနှင့် ခေါက်ဆွဲခြောက်ထုပ် ၊ ရေသန့်ဗူးတို့ကို အိမ်ထောင်စုတစ်စုလျှင် ခွဲတမ်းကျနှုန်းဖြင့် ထောက်ပံ့ဝေငှ၍ ကုသိုလ်ပြုခဲ့ကြပါသည်။
ထိုရွာရှိ ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ခြင်း ၊ ဆရာတော်အား နဝကမ္မဝတ္ထုငွေကပ်လှူခြင်း စသော ကုသိုလ်များကိုလည်း ပြုခဲ့ကြပါသည်။ ထိုမှ ပိုသော လက်ကျန်ငွေအနည်းငယ်ကိုလဲ အသင်းမှမတည်ကာ အနီးအနားမှ စေတနာရှင်များ၏သဒ္ဓါစွမ်းအားဖြင့် တစ်နပ်စာအာဟာရထမင်းထုပ်များ ချက်ပြုတ်လှူဒါန်းပေးမည်ဟု သွားရောက်ကူညီသူ အသင်းသားများထံမှ သတင်းပို့ထားပါသည်။ ကာလဒါနဖြစ်၍ ခက်ခဲသောကုသိုလ်မျိုးဖြစ်ပေရာ လှူဒါန်းရသူ ကုသိုလ်ရှင်အလှူရှင်တို့မှာ လွန်စွာကြီးမားသော အကျိုးကိုရရှိကြမှာ မလွဲပါ။
ဤကုသိုလ်အစုစုသည် မိမိတို့ရောက်ရှိနေထိုင် လုပ်ကိုင်ရာ ကွမ်တန်းမြို့ရှိ အလှူငွေများထည့်ဝင်လှူဒါန်းပေးကြပါသော စေတနာရှင် အလှူရှင်များနှင့် နိစ္စဒါနပရဟိတအသင်းသူ အသင်းသား ညီကိုမောင်နှမများတို့၏ စုပေါင်းကုသိုလ်ဖြစ်ပါသည်။ ထို့ကြောင့် ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါကုန်။
လုပ်အားဒါန ကာယအား ဉာဏအား ဝီရိယစွမ်းအားဖြင့် အပင်ပန်းခံကာ အသင်းမှတာဝန်ကို ကျေပွန်သည်မက ကောင်းမွန်အောင် မအားလပ်သည့်ကြားမှ သဒ္ဓါစွမ်းအားဖြင့် ကူညီထမ်းဆောင်ကြပါသော နိစ္စဒါနပရဟိတအသင်းမှ ကိုဟန်ဝင်းနှင့်ကိုကျော်သူတို့ကိုလဲ ကွမ်းတန်းမှညီကိုများကိုယ်စား အသင်းမှအထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
မိမိတို့စီမံလိုသော ဆန္ဒအတိုင်းဖြစ်မြောက်အောင် အဖက်ဖက်မှလိုအပ်သော ကား ၊ စက်လှေများဖြင့် ကုသိုလ်ပြုစီစဉ်ပေးကြပါသော ကူညီရေးအဖွဲ့မှဥက္ကဌနှင့်အဖွဲ့သားများ ၊ ၎င်းရွာရှိရပ်မိရပ်ဖများ စသည်အားလုံးတို့အား ကျွန်တော်များနိစ္စဒါနပရဟိတအသင်းမှ အထူးကျေးဇူးတင်ပါကြောင်းနှင့် စုပေါင်းပြုရ ဤကုသလသည် သံသရာရေလျင်ကြောမှာ မျော၍နေရပါသော မိမိတို့အား ထိုသံသရာရေလျင်ကြောမှ ဆန်တက်၍ ဝဋ်ကျွတ် ကံပြတ် သံသရာစခန်းရပ်နိုင်သော အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရရာ ရကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေသတည်း။
အားလုံး ဝမ်းမြောက်နုမော်သာဓုခေါ်ကြပါကုန်..။
နိစ္စ-ဒါနပရဟိတအသင်း (ကွမ်တန်းမြို့)