Monday 30 January 2017

ဗုဒ္ဓမြတ်စွာ သာသနာတော် အဓွန့်ရှည်တည့်တံ့ပါစေခြင်းအကျိုးငှါ ဘုရားမြတ်စွာသာသနာရဲ့ အမှတ်လက္ခဏာတစ်ရပ်ဖြစ်သော စေတီတော်တစ်ဆူကို အများဝေနေယျာတို့ ကြည်ညိုသဒ္ဓါပွားကာ ဖူးမြှော်နိုင်ကြစေရန် မလေးရှားနိုင်ငံ အီပို့မြို့တွင် ထိုမြို့ရှိ #ကာယကံမေတ္တာရှင်လူမှုကူညီရေးအသင်း မှဦးဆောင်၍ တည်ထားကောင်းမှုပြုခဲ့ကြပါသည်။
အနေအထားအရ.. ,
မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ ဘာသာရေးအဆောက်အဦးများ ၊ စေတီတော်များကို တည်ထားကိုးကွယ်ခွင့် ရဖို့ရန်မှာ လွန်စွာခဲယဉ်းလှသည့်အလျောက် တရားပွဲများကိုပင် ခက်ခဲစွာပြုလုပ်ကြရပါသည်။ "ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ ၊ သဒ္ဓမ္မော သာသနံ အတိဒုလ္လဘံ" ဟူသည့်အတိုင်း ဟောသူ နာသူပြည့်စုံမူလည်း ဖြစ်လတ်ပစ္ဆာန် အကြောင်းခံ၍ အလွန်ခဲယဉ်းသည့်ကြားက ကိုးကွယ်စရာ ဥဒိဿစေတီတော်တစ်ဆူတည်ထား ကိုးကွယ်ခွင့်ရကြသည်မှာ လွန်စွာကျေနပ်အားရစရာကောင်းလှ၍ ဆရာတော်များအမှုးထားကာ ဖြစ်အောင်ဦးဆောင်ပြုလုပ်သူများ၏ ဇွဲလုံ့လနှင့်အီပို့မြို့ခံ ရွေ့ပြောင်းမြန်မာလုပ်သားများ၏ (သဒ္ဓါတရား) ညီညွတ်မှုအင်အားကို လွန်စွာလေးစားဂုဏ်ယူ ဝမ်းမြောက်မိပါသည်။
မြန်မာသံရုံး မိသားစုများအပါအဝင် မလေးရှားနိုင်ငံရှိ ပြည်နယ်အသီးသီးမှ ပရဟိတအဖွဲ့အစည်းများမှလည်း မိမိတို့တတ်အားသမျှ ကာယအား ဉာဏအား စေတနာသဒ္ဓါအားတို့ဖြင့် ဝိုင်းဝန်းအားဖြည့်ပံ့ပိုးပေးကြရာတွင် မိမိတို့ပါဟန်းပြည်နယ်ရှိ #နိစ္စဒါနလူမှုကူညီရေးအသင်း(ကွမ်တန်းမြို့)မှလည်း အခြေအနေအကြောင်းအရပ်ရပ်ကြောင့် ကာယအားဖြင့်ကုသိုလ်ယူ မပါဝင်နိုင်ကြစေကာမူ အုတ်တစ်ချပ် သဲတစ်ပွင့်အနေအားဖြင့် ပါဝင်မှုပြုနိုင်စေရန်ရည်သန်၍ စေတနာသဒ္ဓါစွမ်းအားဖြင့် RM3500ကို ပံ့ပိုးကူညီလှူဒါန်းမှု ပြုခဲ့ကြပါသည်။
ဤကောင်းမှုစေတနာကုသိုလ်သည် ကွမ်တန်းမြို့ရှိ နိစ္စဒါနအသင်းသူ/သားများနှင့် အသင်းသို့ပါဝင်လှူဒါန်းကြပါသော စေတနာရှင်များ၏ သန့်ရှင်းစွာရအပ်သော လုပ်အားခချွေးနဲစာများကို အခြေခံထားခြင်းဖြစ်ရာ စေတီတော်တည်ဆောက်ရာတွင် တတတ်တအား(လုပ်အားဒါန)လည်း ဖြစ်ပါစေ ။
အသင်းသူ/သားများနှင့်ကွမ်တန်းမြို့ရှိ ရွှေမြန်မာများအားလုံး ကုသိုလ်အမျှရကြပါစေ။
ဝမ်းမြောက်သောစိတ်ဖြင့် သာဓုခေါ်ဆိုနိုင်သူများလည်း ဖြစ်ကြပါစေ။
ကိုယ်တိုင်လည်း အမျှပေးဝေနိုင်သူများ ဖြစ်နိုင်ကြပါစေ။
"ငါတို့ဖြစ်ရ ဤလောကဝယ် ၊ ဘဝသမိုင်း မရိုင်းစေရန် ၊ စိတ်မာန်မချ မာနမပါ ၊ တို့စွမ်းရာဖြင့် တို့သာသနာ ၊ တို့ပြည်ရွာကို သာယာစေမှု ၊ လုံ့လပြုအံ့။"
သာဓု.. သာဓု... သာဓု...။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)


Image may contain: 1 person, outdoorImage may contain: text
ညအချိန်မတော် 888 food court အနီးတွင် မြွေကိုက်ခံရသဖြင့် အသင်းထံသို့ အကူအညီတောင်းခံလာသော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တိန်ဗန်ကျေးရွာနေ အဖ - ဦးရန်ခိုလွန်း ၊ အမိ - ဒေါ်လိန်ဘ တို့၏သား ပေါင်နို့ (ချင်း) အား ကျနော်များ နိစ္စဒါနပရဟိတအသင်းမှ ဦးဆောင်သူများလိုက်ပါ၍ ကွမ်တန်းဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် ပို့ဆောင်၍ဆေးဝါးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

Image may contain: 1 person, standing

Image may contain: 1 person, standing
Image may contain: 4 people, people standing

17.11.2016ရက်နေ့ညတွင် ကွယ်လွန်သွားသော မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် (ပျားရချောင်းကျေးရွာ)နေ အဖ - ဦးထွန်းအေး + အမိ ဒေါ်သန်းနွဲ့ တို့၏သားဖြစ်သူ ကိုသိန်းထွေးအောင်၏ရုပ်အလောင်းအား 18.11.2016 တွင် ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြပြီး စိတ်ဝေဒနာဖြင့်ကျန်ရစ်သူ ၄င်း၏ဇနီးအား မြန်မာပြည်သို့ ပြည်လည်ပို့ဆောင်နိုင်ရေးအတွက် သံရုံးဝန်ထမ်းများအကူအညီဖြင့် မြန်မာသံရုံး၌ CI လျှောက်ပေးခြင်း ၊ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများအတွက် မလေးလဝကသို့ ပို့ဆောင်ပေးခြင်း စသည်အပြင် အပြန်စရိတ်အတွက် လိုအပ်သော ငွေကြေးထောက်ပံ့ပေးမှုများကို ကျနော်များနိစ္စဒါနပရဟိတအသင်းမှ လိုက်ပါဆောင်ရွက်ကူညီပေးခဲ့ပါသည်။

နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကွမ်တန်းမြို့ Jalan Beserahတွင် နေထိုင်လုပ်ကိုင်လျက်ရှိသော မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် (ပျားရချောင်းကျေးရွာ)နေ အဖ - ဦးထွန်းအေး + အမိ ဒေါ်သန်းနွဲ့ တို့၏သားဖြစ်သူ ကိုသိန်းထွေးအောင် အသက်(၂၉) သည် မနေ့ညက ရုတ်တရက် ကွယ်လွန်သွားပါသဖြင့် အတူနေသူငယ်ချင်းများမှ အသင်းထံသို့ အကူအညီတောင်းခံလာရာ ကျနော်များ နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ ဦးဆောင်သူများသွားရောက်၍ လိုအပ်သည်များ ကူညီပေးခဲ့ကြပြီး ယနေ့ 18/11/2016 သောကြာနေ့ မွန်းလွဲပိုင်းတွင် ကိုသိန်းထွေးအောင်၏ ရုပ်အလောင်းအား ကွမ်တန်းဆေးရုံကြီးမှတဆင့် Gambang သုဿန်သို့ သယ်ဆောင်ကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြပါသည်။
ကိုသိန်းထွေးအောင်တစ်ယောက် ကောင်းရာ မွန်ရာ ဘုံဌာနသို့ ရောက်ရှိနိုင်ပါစေသော်..
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Image may contain: 4 people, people standingImage may contain: 2 people

Image may contain: one or more people, people standing and outdoor


ကျွန်​​တော်​များ နိစ္စဒါနပရဟိတအသင်း၏ ကူညီမှုဖြင့်​ A.C.T.S branch perch ​ဆေးခန်းသို့ ပို့​ဆောင်​​စောင့်​​ရှောက်​ထား​သော ရခိုင်​ပြည်​နယ်​စစ်​​တွေမြို့မှ ကို​ကျော်​မြင့်​သည်​ ၎င်း၏ကျန်းမာ​ရေးမှာ ယခင်​ကထက်​များစွာ တိုးတက်​​ကောင်းမွန်​လာခဲ့ရာမှ 2.11.2016 ရက်​​နေ့တွင်​ ရုတ်​တရက်​သတိလစ်​ကာလဲကျရာမှ စိုးရိမ်​ရသဖြင့်​ sungai buloh ​ဆေးရုံကြီးသို့ အ​ရေး​ပေါ်လူနာအဖြစ်​တက်​​ရောက်​ကာ ​ဆေးကုသမှုများခံယူလျက်​ရှိ​ကြောင်း perch မှ တာဝန်​ခံဆရာမမှ မိမိတို့၏အသင်းတာဝန်​ခံဖြစ်​​သော ကို​ဇော်​မျိုးထံသို့ အသိ​ပေးအ​ကြောင်းကြားလာပါသည်​။
ထို့​နောက်​ လူနာအ​ခြေအ​နေအား​မေးမြန်းရာ ​"လော​လောဆယ်​တွင်​ အ​ကြောင်းစုံမသိရ​သေး​ကြောင်း.. လူနာအား စမ်းသပ်​စစ်​​ဆေးမှုများ ပြုလုပ်​၍ ​ဆေးဝါးကုသရန်​ ​လော​လောဆယ်​တွင်​ RM 3000 အားဆေးရုံသို့ ​ပေးချေရမည်​ဖြစ်​​ကြောင်း" ​ပြောကြားပါသဖြင့်​ perchမှတာဝန်​ရှိသူများအား ကူညီလို​သော ​စေတနာဖြင့်​လည်း​ကောင်း ၊ လူနာအား အချိန်​မီ​ဆေးဝါးကုသမှုပြုနိုင်​​စေရန်​လည်း​ကောင်း စသည့်​​စေတနာဆန္ဒတို့ဖြင့်​ ကျွန်​​တော်​များနိစ္စဒါနပရဟိတအသင်းမှ လူနာအတွက်​လိုအပ်​​နေ​သော RM 3000 ကို A.C.T.S branch perch bank account သို့ ယ​နေ့​နေ့လယ်​ပိုင်းက လွှဲ​ပေးခဲ့ပါသည်​။
နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)

No automatic alt text available.
No automatic alt text available.

လွန်​ခဲ့​သောလက ငလျင်​ဒဏ်​​ကြောင့်​ ပြိုကျပျက်​စီးသွားခဲ့​သော ပုဂံ​ဒေသရှိ ကျွန်ုပ်​တို့၏ ဘိုးဘွားအ​မွေအနှစ်​ဖြစ်​​သော ပုဂံ​စေတီပုထိုးများအား ပြန်​လည်​ပြုပြင်​နိုင်​​စေရန်​အလို့ငှါ ကျွန်​​တော်​များ မ​လေးရှား​ရောက်​ မြန်​မာလူငယ်​များ လူမှုကူညီ​ရေးအသင်း #နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)မှ သီတဂူဆရာ​တော်​ဘုရားကြီးထံသို့ သီတဂူအ​ထောက်​အကူပြုအဖွဲ့ (မ​လေးရှား)မှတဆင့်​ အလှူ​ငွေများ​ ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။
လှူဒါန်း​ငွေစုစု​ပေါင်းမှာ မြန်​မာ​ငွေ ၁၁၀၀၀၀၀ိ/(ဆယ့်​တစ်​သိန်း)ကျပ်​ဖြစ်​ပြီး မ​လေးရှားမှ​ရွှေမြန်​မာများ မီး၁၁ပါးငြိမ်း​အေးပါ​စေ သည်​အ​နေဖြင့်​ မြန်​မာသံရုံးမှ ဦးသီဟ​မောင်​​မောင်​နှင့်​ဇနီးမိသားစုတို့မှလည်း မိမိတို့အသင်းနှင့်​အတူပါဝင်​လှူဒါန်း​ပေးကာ ကုသိုလ်​ထပ်​တူ အရယူခဲ့ကြပါသည်​။
ဤကုသိုလ်​ဒါနသည်​ ကွမ်​တန်းမြို့ရှိ ​စေတနာရှင်​ အလှူရှင်​များနှင့်​တကွ ကျွန်ုပ်​တို့နိစ္စဒါနပရဟိတအသင်း အသင်းသူ/သားများတို့၏ ​စေတနာ့​အောင်​ပွဲပင်​ဖြစ်​ပါသည်​။
အလှူရှင်​များနဲ့တကွ အသင်းသူ/သားများ ဝမ်း​မြောက်​စွာ သာဓု​ခေါ်ကြပါကုန်​။
မိမိတို့၏စိတ်​၌ ​တောင့်​တလျက်​ရှိ​သော အာသီသဆန္ဒ ကာလဒါန ကုသိုလ်​ပုည ဤဒါနကို ဖြစ်​​မြောက်​​အောင်​ လက်​ခံ​ဆောင်​ရွက်​​ပေးပါ​သော သီတဂူအ​ထောက်​အကူအပြုအဖွဲ့ (မ​လေးရှား)နှင့်​ မိမိတို့ကဲ့သို့ စိတ်​အားထက်​သန်​စွာ ကုသိုလ်​ယူ ကူညီပါဝင်​ပါ​သော ဦးသီဟ​မောင်​​မောင်တို့အား အထူး​ကျေးဇူးတင်​ရှိပါ​ကြောင်းနှင့်​ မိမိတို့ဘိုးဘွား အ​မွေအနှစ်​အစစ်​ဖြစ်​​သော ​စေတီပုထိုးများပြုပြင်​ရာတွင်​ မိမိတို့အ​နေဖြင့်​ စွမ်းနိုင်​သမျှ တစ်​​ထောင့်​တစ်​​နေရာမှ ပါဝင်​လို​သောဆန္ဒရှိရကား လှူဒါန်းလို​သော​ငွေ​ကြေးအတွက်​ ကာယအား ဉာဏအား ​စေတနာအား ဝီရိယအား ပညာအားတို့ဖြင့်​ လုံလပြုရခြင်း ၊ ထိုမှတပါး ဗုဒ္ဓမြတ်​စွာသာသနာ​တော်​ကြီး နှစ်​ငါး​ထောင်​မက အဓွန့်​ရှည်​ကြာတည်​တံ့နိုင်​ပါ​စေခြင်း စသည်​ဓိဋ္ဌာန်​ ရည်​စိတ်​သန်​၍ ပြုစွမ်းပါရ ပါရမီပုညမြတ်​ဘာဂသည်​ မြင့်​ရှည်​မကြာ သံသရာမှ လျင်​စွာဆန်​တက်​ နိဗ္ဗာန်​တည်းဟူ​သော ဟိုမှာဘက်​ကမ်းတဖက်​ဆီသို့ ကူးလွတ်​နိုင်​​ကြောင်း ​ကောင်းမြတ်​​သောအ​ထောက်​အပံ့​ကောင်းသည်​ အမှန်​မ​သွေဖြစ်​ပါ​စေသတည်း။ ။
ကျေးဇူး​တော်​ရှင်​ သီတဂူဆရာ​တော်​ဘုရားကြီး၏ ပညာဂုဏ်​ အာစရိယဂုဏ်​ သံဃာ့ဂုဏ်​ စသည်​အထူး ဂုဏ်​​ကျေးဇူးအ​ပေါင်းတို့အား ကြည်​ညိုသဒ္ဓါ ဦးတင်​ကာဖြင့်​....
"ငါတို့ဖြစ်​ရ ၊ ဤ​လောကဝယ်​ ၊ ဘဝသမိုင်း ၊ မရိုင်း​စေရန်​ ၊ စိတ်​မာန်​မချ ၊ မာနမပါ ၊ တို့စွမ်းရာဖြင့်​ ၊ တို့သာသနာ ၊ တို့ပြည်​ရွာကို ၊ သာယာ​စေမှု ၊ လုံ့လပြုအံ့"..။
Admin
နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)