လွန်ခဲ့သောလက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့သော ပုဂံဒေသရှိ ကျွန်ုပ်တို့၏ ဘိုးဘွားအမွေအနှစ်ဖြစ်သော ပုဂံစေတီပုထိုးများအား ပြန်လည်ပြုပြင်နိုင်စေရန်အလို့ငှါ ကျွန်တော်များ မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေးအသင်း #နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)မှ သီတဂူဆရာတော်ဘုရားကြီးထံသို့ သီတဂူအထောက်အကူပြုအဖွဲ့ (မလေးရှား)မှတဆင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
လှူဒါန်းငွေစုစုပေါင်းမှာ မြန်မာငွေ ၁၁၀၀၀၀၀ိ/(ဆယ့်တစ်သိန်း)ကျပ်ဖြစ်ပြီး မလေးရှားမှရွှေမြန်မာများ မီး၁၁ပါးငြိမ်းအေးပါစေ သည်အနေဖြင့် မြန်မာသံရုံးမှ ဦးသီဟမောင်မောင်နှင့်ဇနီးမိသားစုတို့မှလည်း မိမိတို့အသင်းနှင့်အတူပါဝင်လှူဒါန်းပေးကာ ကုသိုလ်ထပ်တူ အရယူခဲ့ကြပါသည်။
ဤကုသိုလ်ဒါနသည် ကွမ်တန်းမြို့ရှိ စေတနာရှင် အလှူရှင်များနှင့်တကွ ကျွန်ုပ်တို့နိစ္စဒါနပရဟိတအသင်း အသင်းသူ/သားများတို့၏ စေတနာ့အောင်ပွဲပင်ဖြစ်ပါသည်။
အလှူရှင်များနဲ့တကွ အသင်းသူ/သားများ ဝမ်းမြောက်စွာ သာဓုခေါ်ကြပါကုန်။
အလှူရှင်များနဲ့တကွ အသင်းသူ/သားများ ဝမ်းမြောက်စွာ သာဓုခေါ်ကြပါကုန်။
မိမိတို့၏စိတ်၌ တောင့်တလျက်ရှိသော အာသီသဆန္ဒ ကာလဒါန ကုသိုလ်ပုည ဤဒါနကို ဖြစ်မြောက်အောင် လက်ခံဆောင်ရွက်ပေးပါသော သီတဂူအထောက်အကူအပြုအဖွဲ့ (မလေးရှား)နှင့် မိမိတို့ကဲ့သို့ စိတ်အားထက်သန်စွာ ကုသိုလ်ယူ ကူညီပါဝင်ပါသော ဦးသီဟမောင်မောင်တို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ဘိုးဘွား အမွေအနှစ်အစစ်ဖြစ်သော စေတီပုထိုးများပြုပြင်ရာတွင် မိမိတို့အနေဖြင့် စွမ်းနိုင်သမျှ တစ်ထောင့်တစ်နေရာမှ ပါဝင်လိုသောဆန္ဒရှိရကား လှူဒါန်းလိုသောငွေကြေးအတွက် ကာယအား ဉာဏအား စေတနာအား ဝီရိယအား ပညာအားတို့ဖြင့် လုံလပြုရခြင်း ၊ ထိုမှတပါး ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး နှစ်ငါးထောင်မက အဓွန့်ရှည်ကြာတည်တံ့နိုင်ပါစေခြင်း စသည်ဓိဋ္ဌာန် ရည်စိတ်သန်၍ ပြုစွမ်းပါရ ပါရမီပုညမြတ်ဘာဂသည် မြင့်ရှည်မကြာ သံသရာမှ လျင်စွာဆန်တက် နိဗ္ဗာန်တည်းဟူသော ဟိုမှာဘက်ကမ်းတဖက်ဆီသို့ ကူးလွတ်နိုင်ကြောင်း ကောင်းမြတ်သောအထောက်အပံ့ကောင်းသည် အမှန်မသွေဖြစ်ပါစေသတည်း။ ။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ ပညာဂုဏ် အာစရိယဂုဏ် သံဃာ့ဂုဏ် စသည်အထူး ဂုဏ်ကျေးဇူးအပေါင်းတို့အား ကြည်ညိုသဒ္ဓါ ဦးတင်ကာဖြင့်....
"ငါတို့ဖြစ်ရ ၊ ဤလောကဝယ် ၊ ဘဝသမိုင်း ၊ မရိုင်းစေရန် ၊ စိတ်မာန်မချ ၊ မာနမပါ ၊ တို့စွမ်းရာဖြင့် ၊ တို့သာသနာ ၊ တို့ပြည်ရွာကို ၊ သာယာစေမှု ၊ လုံ့လပြုအံ့"..။
"ငါတို့ဖြစ်ရ ၊ ဤလောကဝယ် ၊ ဘဝသမိုင်း ၊ မရိုင်းစေရန် ၊ စိတ်မာန်မချ ၊ မာနမပါ ၊ တို့စွမ်းရာဖြင့် ၊ တို့သာသနာ ၊ တို့ပြည်ရွာကို ၊ သာယာစေမှု ၊ လုံ့လပြုအံ့"..။
Admin
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)
No comments:
Post a Comment