ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း၏ ကူညီမှုဖြင့် A.C.T.S branch perch ဆေးခန်းသို့ ပို့ဆောင်စောင့်ရှောက်ထားသော ရခိုင်ပြည်နယ်စစ်တွေမြို့မှ ကိုကျော်မြင့်သည် ၎င်း၏ကျန်းမာရေးမှာ ယခင်ကထက်များစွာ တိုးတက်ကောင်းမွန်လာခဲ့ရာမှ 2.11.2016 ရက်နေ့တွင် ရုတ်တရက်သတိလစ်ကာလဲကျရာမှ စိုးရိမ်ရသဖြင့် sungai buloh ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ်တက်ရောက်ကာ ဆေးကုသမှုများခံယူလျက်ရှိကြောင်း perch မှ တာဝန်ခံဆရာမမှ မိမိတို့၏အသင်းတာဝန်ခံဖြစ်သော ကိုဇော်မျိုးထံသို့ အသိပေးအကြောင်းကြားလာပါသည်။
ထို့နောက် လူနာအခြေအနေအားမေးမြန်းရာ "လောလောဆယ်တွင် အကြောင်းစုံမသိရသေးကြောင်း.. လူနာအား စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်၍ ဆေးဝါးကုသရန် လောလောဆယ်တွင် RM 3000 အားဆေးရုံသို့ ပေးချေရမည်ဖြစ်ကြောင်း" ပြောကြားပါသဖြင့် perchမှတာဝန်ရှိသူများအား ကူညီလိုသော စေတနာဖြင့်လည်းကောင်း ၊ လူနာအား အချိန်မီဆေးဝါးကုသမှုပြုနိုင်စေရန်လည်းကောင်း စသည့်စေတနာဆန္ဒတို့ဖြင့် ကျွန်တော်များနိစ္စဒါနပရဟိတအသင်းမှ လူနာအတွက်လိုအပ်နေသော RM 3000 ကို A.C.T.S branch perch bank account သို့ ယနေ့နေ့လယ်ပိုင်းက လွှဲပေးခဲ့ပါသည်။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)
No comments:
Post a Comment